ခြံမာသီးစားရင္
သုက္ပိုသန္စြမ္းေၾကာင္း
သုေတသီေတြ ေလ့လာမႈတခုက ေဖၚျပ
ခြံမာသီးေတြကို
ပံုမွန္ စားေပးရင္ အမ်ိုးသား သုက္ပိုးေတြရဲ့ သန္စြမ္းမႈကို အေထာက္အကူျပုတယ္လို့ သုေတသီေတြရဲ့
ေလ့လာမႈတခုက ျပေနပါတယ္။
တေန့ကို
လက္နွစ္ခုပ္စာ ဗာဒံသီး၊ ေဟဇယ္သီးနဲ့ သစ္ျကားသီး အေစ့ေတြကို စားတဲ့ အမ်ိုးသားေတြဟာ ၃
လ ေက်ာ္ဆို သူတို့ရဲ့ သုက္ေတြ သိသိသာသာ တိုးပြားလာတာ ေတြ့ရျပီး အမ်ိုးသမီး ကိုယ္တြင္းမွာ
ပိုျပီး ဖ်တ္ဖ်တ္လတ္လတ္ ကူးခတ္နိုင္တာ ကိုလည္း ေတြ့ရတယ္ လို့ ပညာရွင္ေတြက ေတြ့ရွိခဲ့ပါတယ္။
အေနာက္တိုင္း
နိုင္ငံေတြမွာ ပတ္ဝန္းက်င္ ညစ္ညမ္းမႈ၊ ေဆးလိပ္နဲ့ အစားအေသာက္ေတြေျကာင့္ သုက္ပိုး အထြက္က်တဲ့
ျပႆနာ ျဖစ္ေနခ်ိန္မွာ ဒီေလ့လာခ်က္ ထြက္လာတာလည္း ျဖစ္ပါတယ္။
က်န္းမာေရးကို
အားေပးတဲ့ အစားအေသာက္ ပံုစံက မ်ိုးပြားမႈကို အားေပးတဲ့ အေထာက္အထားေတြ ေတြ့လာရတယ္ လို့လည္း
သုေတသီေတြက ဆိုပါတယ္။
အိမ္ေထာင္စံုတြဲ
၇ စံု တစံုမွာ ကေလးမရတဲ့ ျပႆနာ ျဖစ္ေနျပီး ကေလးမရတဲ့ ကိစၥ ထက္ဝက္ေလာက္က အမ်ိုးသားရဲ့
ခ်ို့ယြင္းခ်က္ေျကာင့္ ျဖစ္ပါတယ္။
ဒီအတြက္
သိပၸံ ပညာရွင္ေတြက က်န္းမာတဲ့ အမ်ိုးသား ၁ဝဝ ေက်ာ္ကို အုပ္စု နွစ္စုခြဲျပီး ခြံမာသီးစားတဲ့
အုပ္စုနဲ့ မစားတဲ့ အုပ္စု ဆိုျပီး ခြဲျခား ေလ့လာခဲ့ပါတယ္။
တရက္ကို
အသီးဆံ နွစ္ေအာင္စ ထည့္စားတဲ့ အုပ္စုမွာ သုက္ပိုး ေကာင္ေရ ၁၄ ရာခိုင္နႈန္း တက္လာျပီး
လႈပ္ရွားမႈကလည္း ၆ ရာခိုင္နႈန္းထိ တိုးတက္လာပါတယ္။
အိုမီဂါ
၃ ျကြယ္ဝတဲ့ အစာေတြ၊ အင္တီ ေအာက္ဆီးဒင့္နဲ့ ဗီတာမင္ ဘီ ပါတဲ့ အစာေတြဟာ သေနၶတည္မႈကို
အားေပးတယ္လို့လည္း ကြ်မ္းက်င္သူေတြက ဆိုပါတယ္။
ခြံမာသီးေတြမွာ
ဒီဓာတ္ေတြ ပါဝင္တဲ့အျပင္ တျခား အာဟာရဓာတ္ေတြလည္း ပါပါတယ္။
ဒါေပမဲ့
ဒီစမ္းသပ္ခဲ့တဲ့ အမ်ိုးသားေတြဟာ က်န္းမာ သန္စြမ္းတဲ့ အရြယ္ေတြျဖစ္တဲ့အတြက္ တျခား မ်ိုးပြားတဲ့
ကိစၥ ျပႆနာရွိသူေတြမွာေရာ ဒီေတြ့ရွိခ်က္က အသံုးတည့္ပါမလား စဉ္းစားစရာ ရွိပါတယ္။
မ်ိုးပြားမႈ
အျပင္ တျခား ဇီဝျဖစ္စဉ္ေတြမွာေရာ ခြံမာသီးေျကာင့္ တိုးတက္မႈေတြ ရနိုင္တယ္ လို့လည္း
ျဗိတိန္က ေဟာ္မုန္း သုေတသီတေယာက္က ဆိုပါတယ္။
မ်ိုးပြားမႈ
အခက္အခဲ ရွိသူေတြကို ေဆးလိပ္၊ အရက္ေသာက္တာေတြ ျဖတ္ခိုင္းျပီး က်န္းမာေရးနဲ့ ညီေအာင္
စားေသာက္ခိုင္းဖို့လည္း လိုေျကာင္း ေထာက္ျပသူေတြ ရွိပါတယ္။
ဘာစီလိုနာမွာ
က်င္းပတဲ့ လူမ်ိုးပြားမႈ ဆိုင္ရာ ဥေရာပ သုေတသန အသင္း နွစ္ပတ္လည္ ေဆြးေနြးပြဲမွာ ဒီသုေတသန
စာတမ္းေတြ တင္သြင္းခဲ့တာ ျဖစ္ပါတယ္။
Unicode
ခွံမာသီးစားရင်
သုက်ပိုသန်စွမ်းကြောင်း သုတေသီတွေရဲ့ လေ့လာမှုတခုက ဖေါ်ပြ
ခွံမာသီးတွေကို
ပုံမှန် စားပေးရင် အမျိုးသား သုက်ပိုးတွေရဲ့ သန်စွမ်းမှုကို အထောက်အကူပြုတယ်လို့ သုတေသီတွေရဲ့
လေ့လာမှုတခုက ပြနေပါတယ်။
တနေ့ကို လက်နှစ်ခုပ်စာ
ဗာဒံသီး၊ ဟေဇယ်သီးနဲ့ သစ်ကြားသီး အစေ့တွေကို စားတဲ့ အမျိုးသားတွေဟာ ၃ လ ကျော်ဆို သူတို့ရဲ့
သုက်တွေ သိသိသာသာ တိုးပွားလာတာ တွေ့ရပြီး အမျိုးသမီး ကိုယ်တွင်းမှာ ပိုပြီး ဖျတ်ဖျတ်လတ်လတ်
ကူးခတ်နိုင်တာ ကိုလည်း တွေ့ရတယ် လို့ ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။
အနောက်တိုင်း
နိုင်ငံတွေမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ဆေးလိပ်နဲ့ အစားအသောက်တွေကြောင့် သုက်ပိုး အထွက်ကျတဲ့
ပြဿနာ ဖြစ်နေချိန်မှာ ဒီလေ့လာချက် ထွက်လာတာလည်း ဖြစ်ပါတယ်။
ကျန်းမာရေးကို
အားပေးတဲ့ အစားအသောက် ပုံစံက မျိုးပွားမှုကို အားပေးတဲ့ အထောက်အထားတွေ တွေ့လာရတယ် လို့လည်း
သုတေသီတွေက ဆိုပါတယ်။
အိမ်ထောင်စုံတွဲ
၇ စုံ တစုံမှာ ကလေးမရတဲ့ ပြဿနာ ဖြစ်နေပြီး ကလေးမရတဲ့ ကိစ္စ ထက်ဝက်လောက်က အမျိုးသားရဲ့
ချို့ယွင်းချက်ကြောင့် ဖြစ်ပါတယ်။
ဒီအတွက် သိပ္ပံ
ပညာရှင်တွေက ကျန်းမာတဲ့ အမျိုးသား ၁ဝဝ ကျော်ကို အုပ်စု နှစ်စုခွဲပြီး ခွံမာသီးစားတဲ့
အုပ်စုနဲ့ မစားတဲ့ အုပ်စု ဆိုပြီး ခွဲခြား လေ့လာခဲ့ပါတယ်။
တရက်ကို အသီးဆံ
နှစ်အောင်စ ထည့်စားတဲ့ အုပ်စုမှာ သုက်ပိုး ကောင်ရေ ၁၄ ရာခိုင်နှုန်း တက်လာပြီး လှုပ်ရှားမှုကလည်း
၆ ရာခိုင်နှုန်းထိ တိုးတက်လာပါတယ်။
အိုမီဂါ ၃ ကြွယ်ဝတဲ့
အစာတွေ၊ အင်တီ အောက်ဆီးဒင့်နဲ့ ဗီတာမင် ဘီ ပါတဲ့ အစာတွေဟာ သန္ဓေတည်မှုကို အားပေးတယ်လို့လည်း
ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ခွံမာသီးတွေမှာ
ဒီဓာတ်တွေ ပါဝင်တဲ့အပြင် တခြား အာဟာရဓာတ်တွေလည်း ပါပါတယ်။
ဒါပေမဲ့ ဒီစမ်းသပ်ခဲ့တဲ့
အမျိုးသားတွေဟာ ကျန်းမာ သန်စွမ်းတဲ့ အရွယ်တွေဖြစ်တဲ့အတွက် တခြား မျိုးပွားတဲ့ ကိစ္စ
ပြဿနာရှိသူတွေမှာရော ဒီတွေ့ရှိချက်က အသုံးတည့်ပါမလား စဉ်းစားစရာ ရှိပါတယ်။
မျိုးပွားမှု
အပြင် တခြား ဇီဝဖြစ်စဉ်တွေမှာရော ခွံမာသီးကြောင့် တိုးတက်မှုတွေ ရနိုင်တယ် လို့လည်း
ဗြိတိန်က ဟော်မုန်း သုတေသီတယောက်က ဆိုပါတယ်။
မျိုးပွားမှု
အခက်အခဲ ရှိသူတွေကို ဆေးလိပ်၊ အရက်သောက်တာတွေ ဖြတ်ခိုင်းပြီး ကျန်းမာရေးနဲ့ ညီအောင်
စားသောက်ခိုင်းဖို့လည်း လိုကြောင်း ထောက်ပြသူတွေ ရှိပါတယ်။
ဘာစီလိုနာမှာ
ကျင်းပတဲ့ လူမျိုးပွားမှု ဆိုင်ရာ ဥရောပ သုတေသန အသင်း နှစ်ပတ်လည် ဆွေးနွေးပွဲမှာ ဒီသုတေသန
စာတမ်းတွေ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
References: BBC Burmese
Image: Victoria Jones